Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ငဖဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

08 May 22

ငဖဲ မေ  ၈

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို မေ ၇ ရက်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ ကျင်းပသည်။

          ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဌ  ဦးမြင့်သိန်းက ဖွံ့ဖြိုး တိုးတက်ရန် အလားအလာရှိသော ကျေးရွာ စိတ်ပါဝင်စားမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့် ကျေးရွာနှင့် လုံခြုံရေး ဆက်သွယ်ရေးကောင်းသည့် ကျေးရွာများကို ဦးစားပေး ရွေးချယ်နိုင်ရေး ဆွေးနွေးပြောကြားသည်။
      ဆက်လက်၍ ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့် ကျေးရွာသည် ရန်ပုံငွေ ကျပ်သိန်း ၁၀၀ အပြင် ပြည်သူထည့်ဝင်ငွေဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသည့် ကျေးရွာများ၊ ကျေးရွာသူ၊သားများက စိတ်အားထက်သန်မှု ၊စည်းလုံးညီညွတ်သည့် ကျေးရွာများ ရွေးချယ်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
          ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက စီမံကိန်းကျေးရွာများရွေးချယ်နိုင်ရေး ဆွေးနွေးအကြံပြုကြရာ လိုင်အုပ်စု၊လိုင်ကျေးရွာ၊ ပင်ဦးအုပ်စု၊ ကံသာကျေးရွာ၊ ဆင်ချည်တိုင်ကျေးရွာအုပ်စု၊ မန်းဆုံကျေးရွာ၊ဇင်ပြွန်းကျေးရွာအုပ်စု၊ ပျဉ်းဝကျေးရွာ၊ စည်သာကျေးရွာအုပ်စု၊ စည်သာကျေးရွာ၊လင်းတဲကျေးရွာအုပ်စု၊ လင်းတဲကျေးရွာတို့ကို စီမံကိန်း ကျေးရွာအဖြစ် အတည်ပြုရွေးချယ်ခဲ့ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး‌ ဒေါ်ဝိုင်းယုမော် ထံမှ သိရသည်။

        

ဇင်မာ