Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ် အရှေ့ကပိုင် ကျေးရွာ ၌ မြစိမ်းရောင်​ကျေးရွာစီမံကိန်းလုပ် ငန်းများ စစ်ဆေး

09 May 22

ဆိပ်ဖြူ၊ မေ ၉
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်၍ အရှေ့ကပိုင် ကျေး ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့်စီမံကိန်းတာဝန်ခံ ဝန် ထမ်းများက အရှေ့ကပိုင် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည် ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုး ရေး၊မွေးမြူရေး၊အရောင်းအ ဝယ်လုပ်ငန်းများနှင့်လစဥ်ဖြည့်သွင်းရမည့်ငွေစာရင်းပုံစံ​များပြည့်စုံမှု ရှိ၊မရှိ စစ်ဆေးပြီး လိုအပ်သည်များ ပေါင်း စပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
   အရှေ့ကပိုင် ကျေးရွာ၌ မြစိမ်းရောင် စီမံ ကိန်းကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ယခုအခါ စိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်သူ  ၁၀၀ဦး၊ ငွေကျပ် ၃၁.၀၅သန်း  ၊မွေးမြူရေးလုပ်ငန်းလုပ် ကိုင်သူ၁၆ဦး ၊ ငွေကျပ် ၄.၆၅သန်း ၊အ ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူခြောက်ဦး ၊ ငွေကျပ်၂.၀၀ သန်း၊ စုစု ပေါင်း အသင်းသား၊အသင်းသူ ၁၂၂ ဦး၊ ငွေကျပ် ၃၇.၇၀သန်း ထိထုတ်ချေးထားနိုင်ခဲ့ပြီ ဖြစ်ကြောင်းဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ကပြောပြ၍ သိရသည်။
                                                      နွဲ့ယဥ်