Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

09 May 22

စလင်း မေ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အရှေ့ကန်ဘောင်ကျေးရွာနေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက မေ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် အရှေ့ကန်ဘောင်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်​ကျေးရွာ စီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ စီမံကိန်းချေးငွေဖြင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိမရှိ ခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲစေရေး စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံဝန်ထမ်းများက စာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိမရှိ၊ ချေးငွေစာချုပ်ပါ လုပ်ငန်းအမျိုးအစားကိုက်ညီမှုရှိမရှိကို စစ်ဆေးသည်။

အရှေ့ကန်ဘောင်ကျေးရွာရှိ အိမ်ထောင်စု ၂၁၇ စုအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၉ ဒသမ သုည ၅ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားပြီး အရင်းဆပ်ကာလ တစ်နှစ်၊ အတိုးဆပ်ကာလ တစ်လတစ်ကြိမ်အဖြစ် ကျေးရွာသူ ကျေးရွာသားများ၏အများဆန္ဒဖြင့် ဆုံးဖြတ်ထားကြောင်း၊ အဆိုပါစီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောင်အကူပြုကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

အထွေး