မြိုင် မေ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဥယျာဥ်မကျေးရွာနေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ဥယျာဥ်မကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်အဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲစေရေး စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။
ဥယျာဥ်မကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦး၊ ငွေကျပ် ၆ ဒသမ ၇ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၈ ဦး၊ ငွေကျပ် ၃၂ ဒသမ ၉၅ သန်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ ငွေကျပ် သုညဒသမ ၅ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃ ဦး၊ ငွေကျပ် ၁ ဒသမ ၇၅ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၈ ဦး၊ ငွေကျပ် ၆ ဒသမ ၃ သန်း၊ စုစုပေါင်း ၈၂ ဦး၊ စုစုပေါင်းငွေကျပ် ၄၈ ဒသမ ၂ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားပြီး အရင်းဆပ်ကာလ တစ်နှစ်၊ အတိုးဆပ်ကာလ နှစ်လတစ်ကြိမ်အဖြစ် ကျေးရွာသူ ကျေးရွာသားများ၏အများဆန္ဒဖြင့် ဆုံးဖြတ်ထားကြောင်း၊ အဆိုပါစီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောင်အကူပြုကြောင်း မြိုင်မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။
အထွေး