ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဖုန်းပြုပြင်) သင်တန်း ကို မေလ(၃)ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ် ပေးခဲ့ရာ သင်တန်းတွင် ပေါက်တောမြို့နယ်၊ မြို့နယ်ဦးစီးမှူးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ တောင်ညိုကျေးရွာ၊ ရွာချောင်းကြီးကျေးရွာနှင့် ပေါက်တော မြို့ပေါ်မှ သင်တန်းသား (၁၀)ဦး သင်တန်းသူ(၁၀)ဦး၊ စုစုပေါင်း (၂၀)ဦး တက်ရောက်ပြီး သင်တန်း ဆရာများက စာတွေ့ လက်တွေ့ သင်ကြား ပို့ချ သွားမည်ဖြစ်၍ သင်တန်းကာလမှာ ရက်သတ္တ(၃)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရပါသည်။