Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

09 May 22

ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဝန်ထမ်းများစွမ်းဆောင် ရည်မြှင့်တင်ရေး GISနှင့်အင်ဂျင်နီယာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ပဲခူးတိုင်ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြများကသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်း ပြောကြားပြီး တာဝန်ရှိသူများက သင်ထောက်ကူစာအုပ်များကို သင်တန်းသား၊သင်တန်းသူများထံ ပေးအပ်သည်။

အဆိုပါသင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၃၃ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် Using QGIS Software & Geoprocessing၊ Create Vector Layer ၊ GIS Database ၊ Joining GIS Database & Create Shapefile ၊ Link between with QGIS and Google Earthသင်ခန်းစာများ ပို့ချမည့်ဖြစ်ပြီး သင်တန်းကို ယနေ့မှ မေ ၁၃ ရက်ထိ သင်ကြားပို့ချသွားမည့်ဖြစ်ကြောင်းသိရသည်။