Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပုဏ္ဏားကျွန်းမြို့နယ်မှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ခြင်း

03 May 22

     ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ခု   ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့် အပ်ခြုပ်စက် သင်တန်းအား မေလ(၂)ရက်နေ့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ဖွင့်လှစ် ခဲ့ရာ သင်တန်းဖွင့်ပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးရွာ အုပ်စု(၆)အုပ်စုရှိ ကျေးရွာ(၆)ရွာမှ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကာ သင်တန်း၌ တာဝန်ရှိ ကျွမ်းကျင် ဆရာမများမှ ရက်ပေါင်း (၂၀)ကြာ စာတွေ့ လက်တွေ့ သင်ကြား ပို့ချပေး သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။