Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလက်သမား၊ပန်းရံသင်တန်းဖွင့်လှစ် "

05 May 22

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန အနေဖြင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ စေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလက်သမား၊ ပန်းရံသင်တန်း အား မေ ၂ ရက်နေ့နံနက်ပိုင်းတွင် မိုင်းဆတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအားလွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်းလင်းဦးက သင်တန်းဖွင့်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြာသည်။

          သင်တန်းကာလတွင် သင်တန်းနည်းပြ ဆရာများက သင်တန်းသားများအား လက်သမား၊ ပန်းရံနှင့်ပတ်သက်သော အခြေခံအချက်အလက်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးလျက် ရှိသည်။

          သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂ သန်း ဖြင့် သင်တန်းသား ၂၀ ဦးအား သင်တန်းနည်းပြ နှစ်ဦးဖြင့် သင်ကြားပို့ချပေးပြီး သင်တန်းကာလမှာ ၂၀ရက် ကြာမြင့်မည်ဖြင့်ကြောင်း သိရသည်။