Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘူးသီးတောင်မြို့နယ်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာရွေးချယ်ကျင်းပ

04 May 22

        ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂ - ၂၀၂၃   ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း ( VDP ) ကျေးရွာ ရွေးချယ်ခြင်းအား မေလ(၄)ရက်နေ့၊ နံနက်ပိုင်း အချိန်တွင်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ဘူးသီးတောင် မြို့နယ်ဦးစီးမှူးမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကျေးရွာများအဖြစ် ရွေးချယ်ခံရသည့် ကျေးရွာအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သိန်း(၁၀၀)ထည့်ဝင်မည် ဖြစ်ကြောင်းနှင့်  ရွေးချယ် ခံရသည့် ကျေးရွာများမှ ထည့်ဝင်ငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လမ်း၊ တံတား၊ အဆောက်အအုံများ ဆောက်လုပ်နိုင်မည် ဖြစ်သဖြင့် ကျေးရွာအနေဖြင့် လက်ငင်းအကျိုး ခံစားရမည် ဖြစ်ကြောင်း ပြောကြားပြီး ၊ ရွေးချယ်ခံရသော ကျေးရွာ စာရင်းများ ကြေငြာကာ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကျေးရွာများမှ ထည့်ဝင်ငွေတို့ကို ရှင်းလင်း တင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး ငြိမ်းချမ်းဦးမှ ရွေးချယ်ခံရသည့် ကျေးရွာများအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရန်နှင့် မြို့နယ် အတွင်းမှ ကျေးရွာ(၁၀)ရွာ ကိုရွေးချယ်ခဲ့ကြောင်း သိရပါသည်။