Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြောက်ဦးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

25 May 22

    ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက် သင်တန်းအား သင်တန်းသူ (၂၀)ဦးဖြင့် (၅.၅.၂၀၂၂) မှ (၂၅.၅.၂၀၂၂)ရက်နေ့အထိ သင်တန်းကာလ(၂၀)ရက် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၄.၅.၂၀၂၂)ရက်နေ့ နံနက်(၈)နာရီတွင် မြောက်ဦးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံး(ဟောင်း)၌ ပြုလုပ်ခဲ့ရာ   မြောက်ဦး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်မှ အဖွင့်အမှာ စကားပြောကြားကာ   မြောက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးထွန်းရန်နိုင်သူ၊  မြောက်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  ခရိုင်ဦးစီးမှူး၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စာရင်းစစ် ဦးစီးအရာရှိတို့မှ  သင်တန်းဆင်း လက်မှတ် ပေးအပ်ချီးမြင့်ခြင်းဆု များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။