ဆိပ်ဖြူ၊ မေ ၂၈
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်၍ ဆင်နီတောင်ကျေး ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများနှင့် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့်ဆောင်ရွက်ထားရှိသော ၄၀၀ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းထားရှိမှုများကို မေ ၂၇ရက် ညနေပိုင်း က
တာဝန်ရှိသူ များကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့်ဝန်ထမ်းများက ဆင်နီတောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေဖြင့် ဆောင် ရွက်ထားသော စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်လစဥ်ဖြည့်သွင်းရမည့်ငွေစာ ရင်းပုံစံများပြည့်စုံမှု ရှိ၊မရှိ စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆင်နီတောင်ကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၅- ၂၀၁၆ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ယခုအခါ စိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်သူ ၉၆ဦး၊ ငွေကျပ် ၃၆၃
သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ
၁၄ဦး ၊ ငွေကျပ် ၄၀သိန်း၊အရောင်းအ ဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂ဦး၊ငွေကျပ် ၄သိန်း၊စုစုပေါင်း အသင်းသား၊အသင်းသူ ၁၁၂ဦး၊ ငွေကျပ်၄၀၇သိန်း ထိထုတ်ချေးထားနိုင်ခဲ့ပြီ ဖြစ်ကြောင်းဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ကပြောပြ၍ သိရသည်။
နွဲ့ယဥ်