ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် Smart Village ခေတ်မီစံပြကျေးရွာဆောင်ရွက်မည့် မှော်ဘီ မြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ အမောက်ဝဲကျေးရွာရှိ ကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံပြီး စီမံကိန်းအကြောင်းဆွေးနွေးခြင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများရှင်းလင်းမှာကြားခြင်း တို့ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီးမြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နှောကုန်း ကျေးရွာတွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ပါသည်။