Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဆပ်ပြာပြုလုပ်နည်း)သင်တန်းဆင်းပွဲကျင်းပ

30 May 22

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဆပ်ပြာပြုလုပ်နည်း)သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၂၇ ရက်နံနက် ၉နာရီခွဲက ထင်းပုံကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ကျင်းပသည်။

          သင်တန်းဆင်းပွဲအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီ)ရဲမှူး သန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေက သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပရခြင်းနှင့်ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ် ပေးနေမှုများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုရှင်းလင်းပြောကြားသည်။

          လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဆပ်ပြာပြုလုပ်နည်း)သင်တန်းကိုမေ ၂၃ရက်မှ ၂၇ ရက်အထိ ငါးရက်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး ကျေးရွာများမှ သင်တန်းသား၊သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြောင်းသိရသည်။