ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းခွင်ဝင်သင်တန်းအား(၁၆.၅.၂၀၂၂) မှ (၂၇.၅.၂၀၂၂ )ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ အငယ်တန်းစာရေး ( ၁၄ )ဦး၊ စာရင်းကိုင် -၄ (၄)ဦး၊ အငယ်တန်းအင်ဂျင်နီယာ- ၄ (၁၀)ဦးနှင့် အငယ်တန်းအင်ဂျင်နီယာ-၃ (၆) ဦး စုစုပေါင်းသင်တန်းသား (၃၄) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းဆင်းပွဲအား နေ့လည် (၁၃၀၀)နာရီ တွင်ကျင်းပ ပြုလုပ်ခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းမှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါကြောင်းနှင့် ထူးချွန်သော သင်တန်းသား/သင်တန်းသူ (၃) ဦးအား ပထမ ၊ ဒုတိယ၊ တတိယ ဆုများ ချီးမြှင့်ခဲ့ကြောင်း ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
အောင်ပြည့်စုံ