Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့မှူးမြို့နယ် ထန်းပင်ချောင်ကျေးရွာတွင် မြစိမ်းရောင်ချေးငွေများထုတ်ချေးပေးနေမှု ကွင်းဆင်းစစ်ဆေး

27 May 22

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ထန်းပင်ချောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေသတ္တမအကြိမ် ထုတ်ချေးခြင်းကို မေလ၂၅ရက်နေ့ နံနက်ပိုင်း၁၁ နာရီအချိန်တွင် ကျေးရွာလူထုဗဟိုပြုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့နောက် မြို့နယ်ကျေးလက်ဝန်ထမ်းများ ကြီးကြပ်၍ ထန်းပင်ချောင်ကျေးရွာမြစိမ်းရောင် စီမံကိန်းရန်ပုံငွေ လုပ်ငန်းအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက စိုက်ပျိုးရေးလုပ်ကိုင်သူ(၈၃)ဦး၊ မွေးမြူရေး လုပ်ကိုင်သူ(၅၈)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၈)ဦး၊ အခြားအသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၁)ဦး၊ စုစုပေါင်း(၁၅၀)ဦးကိုချေးငွေကျပ် ၃၆၉ဒသမ၅သိန်းထုတ်ချေးပေးခဲ့ပါသည်။