စစ်ကိုင်း မေ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ကျွန်းလှ မြို့နယ်၊ တင်းတိန်ယံကျေးရွာအုပ်စု၊ ကျောင်းအင်းကျေးရွာ၌ "အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဖိနပ်ချုပ်သင်တန်း(ဒုတိယအကြိမ်)ဆင်းပွဲအခမ်းအနားကို မေ ၂၃ ရက်နေ့တွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ကျွန်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိဏ်းမောင် (လ/ထညွှန်ကြားရေးမှူး)မှ အဆိုပါသင်တန်းတွင် သင်ကြားပေးသည့် ပညာရပ်များကို မြေပြင်တွင် လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသူ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းမှ တစ်ဦးချင်းစီချုပ်ထားသော ဖိနပ်များအား လက်ဆောင်ပေးအပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၄.၅.၂၀၂၂)ရက်နေ့မှ (၂၃.၅.၂၀၂၂)ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ စုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ကိုမြတ်