၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ပက်အင်းကလေးကျေးရွာအုပ်စု၊ တပွန်ရွာမရှိ အများပြည်သူအသုံးပြုသော သောက်ရေကန်အား ကျွဲ၊ နွား တိရိစာ္ဆန်များမဝင်ရောက်စေရန် နှင့်ကလေး သူငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်သော ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်း (၆၀၀'x၅')အား မြောက်ပိုင်းခရိုင်မှ ဒုတိယညွှန်ကြားရေးမှူးဦးဘသိန်းမှ ကွင်းဆင်း စစ်ဆေးခဲ့ရာ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးမှူး၊ ဦးမြတ်ကျော်သူ လိုက်ပါလျက် တာဝန်ခံအင်ဂျင် နီယာ ဒေါ်သန္တာ(အငယ်တန်းအင်/ယာ-၂)မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေနေများအား ရှင်းလင်း တင်ပြခဲ့ပြီး ခရိုင်မှူးဦးဘသိန်းမှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။
ထို့နောက် မြောက်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းသည် ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ အတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူး နှင့် တိုင်းဒေသကြီး ဦးစီးမှူးတို့၏ လမ်းညွှန်မှာကြားချက်များအား ချပြရှင်းလင်းခဲ့ပြီး ဝန်ထမ်းများ၏အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။