Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သန်လျင်မြို့နယ်ရှိ ကျေးလက်နေပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

26 May 22

သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မိသားစုဝင်ငွေတိုးစေရေး၊ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးရွာများ တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။

သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီး ဌာနတို့ ပူးပေါင်း၍ မေ ၂၃ ရက်က သန်လျင်မြို့နယ်ဘယက်ကျေးရွာ၌ လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာရည်၊ခေါင်းလျှော်ရည်၊ဆပ်ပြာခဲ၊လက်သန့်ဆေးရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရာ ခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်က သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။အဆိုပါသင်တန်းကို မေ ၂၇ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။