ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးဆောင်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၅ ရက် နံနက် ၁၀နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေက ကွမ်းခြံကုန်းမြို့နယ်အတွင်း မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်ကျေးရွာအဆင့်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကို တွေ့ဆုံကာ စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ရေရှည်တည်တံ့စေရေးနှင့် ရန်ပုံငွေဆုံးရှုံးမှုလျော့နည်းစေရေးတို့အတွက် အဖွဲ့ဝင်များနှင့်လုပ်ငန်း ညှိနှိုင်းစည်းဝေးခဲ့ကြောင်းသိရသည်။
ထို့နောက်လုပ်ငန်းညှိနှိုင်းစည်းဝေးသို့ တက်ရောက်လာသော ကျေးရွာ ၂၃ ရွာမှ အဖွဲ့ဝင်များက ကျေးရွာများရှိအခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်အဆင့်မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ပြီး ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေးအတွက် တက်ရောက်လာကြသည့် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ များကလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။