Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်တန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

26 May 22

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မေလ ၁၈ ရက် နံနက် (၁၀)နာရီတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ခရိုင်ဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဒေါ်အေးအေးကြူသည် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့်အတူ
ကျောက်တန်းမြို့နယ် ရေကျော်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင် စီမံကိန်း အတိုးရငွေ(၅၀) %ဖြင့် ကျေးရွာနေပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေး အတွက် ဘတ်စုံသုံးခန်းမ တည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး ကြည့်ရှု့ စစ်ဆေးပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းလက်စွဲ စာစောင်ပါညွှန်ကြားချက်နှင့်အညီ အရည် အသွေး ပြည့်မီစွာ ရရှိသုံးစွဲနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

          ထို့နောက် ကျောက်တန်းမြို့နယ် ရေကျော်ကျေးရွာ ဘတ်စုံသုံးခန်းမမှာ အလျား၃၀ပေ၊ အနံပေ၂၀၊အမြင့် ၁၁ပေရှိပြီး ကျေးရွာပိုင် ဘတ်စုံသုံးခန်းမတည်ဆောက်ပြီးစီးပါက ကျေးရွာပိုင်အတွင်း အများနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို အသုံးပြုနိုင်မည်ဖြစ်ရာ ကျေးရွာအတွက် များစွာ အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။