ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မောက်စလီ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများဖြင့် ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက် နိုင်ရေး အခြေအနေများကို မေ ၂၀ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက် နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မောက်စလီကျေးရွာအတွင်းရှိ် အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းသား အသင်းသူများ နှင့် တွေ့ဆုံကာ စီမံကိန်းအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အတိုးရငွေ ကျပ်သိန်း ၁၀၀ဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။
မောက်စလီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ အသင်းသား အသင်းသူ ၁၂၀ ဦးကို ငွေကျပ် သိန်း ၄၂၀ ထုတ်ချေးပေးထားကြောင်း သိရသည်။