Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်ကြီးမြို့၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများ၏ (Price Proposal) ဖွင့်ပွဲအခမ်းအနားကျင်းပ

20 May 22

တောင်ကြီးမြို့၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများ၏ (Price Proposal) ဖွင့်ပွဲအခမ်းအနားကျင်းပ
 
တောင်ကြီး  မေ  ၂၀ ရက်
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊   ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများနှင့်ရေရရှိရေးလုပ်ငန်းများ၏  (Price Proposal) တင်ဒါအဆိုပြုလွှာ ဈေးနှုန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က အဆိုပါ ပြည်နယ်ဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပသည်။
 
ရှေးဦးစွာ ရှမ်းပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို ကအမှာစကားပြောကြားခဲ့ပြီး  ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက တင်ဒါခေါ်ယူခြင်းနှင့် တင်ဒါလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
 
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင်ကုမ္ပဏီများ၏ (Price Proposal)‌ဈေးနှုန်းအဆိုပြုလွှာများအား တင်ဒါကော်မတီဝင်များ၏ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးပြီး သတ်မှတ်ထားသည့်တင်ဒါဆိုင်ရာအချက်အလကများ ပါဝင်မှု ရှိ/မရှိ၊ သတ်မှတ်ကြမ်းခင်းစျေးထက်ကျော်လွန်မှု ရှိ/မရှိတို့အား ထုတ်ပြန် ကြော်ငြာပေးခဲ့ကြောင်းသိရသည်။
 
၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၁၄၀၀၀ကျော်ဖြင့်    ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ မြို့နယ် ၅၁ မြို့နယ် တွင် ကျေးလက်ကုန်ထုတ်လမ်း ၁၀၄ လမ်း ၊ ကျေးလက်ကုန်ထုတ်တံတား ၂၁၀ စင်း ၊ ကျေးလက်ဒေသသောက်သုံးရေရရှိရေးလုပ်ငန်း ၁၇၀ ခုတို့ကိုတင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ယခုနှစ်ဇွန်လ အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း ထံမှသိရသည်။