Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကလောမြို့နယ် ဘော်နင်းရွာသစ်‌ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART VILLAGE) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်း

23 May 22

ဘော်နင်းရွာသစ်‌ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART VILLAGE) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်း

=====================================================================================================

ကလော မေ ၂၃
=============
 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘော်နင်းကျေးရွာအုပ်စု၊ဘော်နင်းရွာသစ်ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART VILLAGE) အကောင်အထည်ဖော်ဆောင်ရွက်နိူင်‌ရေး မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။ 
 
ရှေးဦးစွာ ကလောကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်‌သောင်းက ခေတ်မီစံပြကျေးရွာ ( SMART VILLAGE) နှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးမြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း လူမူကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးစသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေး အဓိကလုပ်ငန်းစဥ် (၆)ရပ်ဖြင့် ဘော်နင်းရွာသစ် ကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 
 
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဘော်နင်းရွာသစ်ကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊ကျေးရွာသူ/‌ကျေးရွာသားများမှ ခေတ်မီစံပြကျေးရွာအကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များ နှင့် ပတ်သက်၍သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး မြို့နယ်ဦးစီးမှူးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 
 
အဆိုပါ အခမ်းအနားသို့ ကလောမြို့နယ် ဦးစီးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ကလောမြို့နယ် တွင် pilot project အဖြစ် ခေတ်မီစံကျေးရွာ (SMART VILLAGE) ကို‌ ဘော်နင်းရွာသစ် ကျေးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်‌သောင်း ကပြောပြ၍ သိရသည်။