Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဖြူမြို့နယ်၌ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်းမိတ်ဆက် ရှင်းလင်းပွဲကျင်းပ

20 May 22

     ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အခြေခံအဆောက်အအုံများဖွံ့ဖြိုးစေရေးအတွက် သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှု တိုးပွားလာစေရေး၊အသက်မွေးဝမ်းကျောင်းနှင့်စီးပွားရေးမြင့်မားလာစေရေး၊အသင်းအဖွဲ့နည်းပညာဖြန့်ဖြူးလာစေရေး၊လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းလာစေရန်ရည်ရွယ်၍  စိုက်ပျိုး ရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ ထူထောင်မည့် ကလန့်တဲ ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၂၀.၅.၂၀၂၂) ရက်နေ့တွင်  ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ပြည်နယ် ဦးစီးမှူး ဦးတင့်ဝေ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့် ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်သမဝါယမ၊ မြို့နယ်မွေးမြူရေး၊ မြို့နယ်အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ဌာနမှဝန်ထမ်းများမှ စီမံကိန်းမိတ်ဆက် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကျေး ရွာ သူ/သား ( ၁၂၀ ဦး) တက်ရောက်ခဲ့ရာ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ခေတ်မီစံပြကျေးရွာ (SMART Village)ထူထောင်ရေးစီမံကိန်းဆောင်ရွက်သွားမည့် အဓိကလုပ်ငန်းစဉ် (၆)ရပ်နှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ဖြည့်ဆည်း ပေးနိုင်ရေးတို့ကို  ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာနများနှင့် ကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးမှ တောင်သူများအတွက် ဝင်ငွေတိုးပြီး လူနေမှုဘဝမြင့်မား စေနိုင်ရန်နှင့် သီးထပ် သီးညှပ်အဖြစ်လည်း ကောင်း၊ မြေပဲမျိုးစုံ သီးနှံတို့ ကြားတွင် သီးညှပ်အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများနှင့် ပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကာ ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခရိုင်ဦးစီးမှူး ဒေါက်တာ ကျော်မိုးဝင်းမှ မွေးမြူရေးဆိုင်ရာ မျိုးကောင်း မျိုးသန့်များကို မွေးမြူရန် လိုအပ်ကြောင်း နှင့်လိုအပ်ချက်များရှိပါက သက်ဆိုင်ရာ ဌာနများသို့ အချိန်နှင့်တပြေးညီ အကြောင်းကြား ရန်နှင့် ဌာနမှလည်း  ကျေးရွာလိုအပ်ချက်များကို တင်ပြလာပါက ချက်ချင်းဆောင်ရွက်ပေးသွားရန် စသည်ဖြင့် ပြောကြားသွားခဲ့ပြီး ခေတ်မီစံပြကျေးရွာတွင် VDP စီမံကိန်း၊ Cash for Work စီမံကိန်း၊ မြစိမ်းရောင်စီမံကိန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိပြီး မြို့ပြနှင့်ကျေးလက်ကွာဟမှုမှာ ကျဉ်းမြောင်းလာစေ မည်ဖြစ်ပါသည်။