Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဖြူမြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း

22 May 22

   ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြ ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲကို  မေ ၂၀ ရက်နေ့က ကုန်ဘောင် ကျေး ရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ  ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ပြည်နယ်ဦးစီးမှူး၊ ဦးတင့်ဝေမှ  ခေတ်မီစံပြကျေးရွာ  ထူထောင်ရေးစီမံကိန်း ဆောင်ရွက်မည့် အဓိကလုပ်ငန်းစဉ် (၆)ရပ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး   ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး၊ ဦးထွန်းမြင့်က တောင်သူများအတွက် ဝင်ငွေတိုးပြီး လူနေမှုဘဝမြင့်မားစေရန် စိုက်ပျိုးရေးဆိုင်ရာ ရွာအလေ့အကျင့်ကောင်းများနှင့် ပညာပေး သင်တန်းများ ဖွင့်လှစ် ပို့ချခြင်းများကို လည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျောက်ဖြူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး၊ ဒေါက်တာကျော်မိုးဝင်းမှ မွေးမြူရေးဆိုင်ရာ မျိုးကောင်းမျိုးသန့်များကို မွေးမြူရန်လိုအပ်ကြောင်း မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းများဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါသည်။