ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရန် မျှော်မှန်း၍ လူနေမှု အဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသော အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေး သည့်ခေတ်မီစံပြ ကျေးရွာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကုန်ဘောင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ယနေ့ နံနက်ပိုင်းက ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဦးတင့်ဝေက ခေတ်မီစံပြ ကျေးရွာ ထူထောင်ရေးစီမံကိန်း ဆောင်ရွက်မည့် အဓိက လုပ်ငန်းစဉ်(၆)ရပ်နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က တောင်သူများအတွက် ဝင်ငွေတိုးပြီး လူနေမှုဘဝ မြင့်မားစေရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း များနှင့် ပညာပေးသင်တန်း များ ဖွင့်လှစ်ပို့ချခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဒေါက်တာ ကျော်မိုးဝင်းက မွေးမြူရေးဆိုင်ရာ မျိုးကောင်းမျိုး သန့်များကို မွေးမြူရန် လိုအပ်ကြောင်း မွေးမြူရေး ဆိုင်ရာ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဌာနအနေ ဖြင့်တတ်နိုင်သမျှ ကူညီပံ့ပိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ပါသည်။
အဆိုပါ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဦးတင့်ဝေ၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှပြည်နယ်ဦးစီးမှူး၊ ဦးထွန်းမြင့်၊ ကျောက်ဖြူခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါက်တာကျော်မိုးဝင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊မြို့နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ကုန်ဘောင်ကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက် ရောက်ခဲ့ကြကြောင်းသိရပါသည်။