ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပန်းရန်သင်တန်းဆင်းပွဲကို မေ ၂၄ရက်က အုတ်တွင်း မြို့နယ်အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးက အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး၊မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပန်းရန်သင်တန်းသို့ တက်ရောက်သင်ယူခဲ့သော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဦးရေ ၂၀ဦးတက်ရောက်ပြီး ပန်းရန်လုပ်ငန်းနှင့်ပတ်သက်သည့် ပညာရပ်များကို သင်တန်းနည်းပြ ဆရာများက စာတွေ့၊လက်တွေ့ ၂၀ရက်ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။