Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမ်းဗြဲမြို့နယ်၌ ကျေးလက်+Unicef တို့ဖြင့် ပူးပေါင်းဆောင်ရွက်မည့် ကျေးရွာများသို့ Solar Pump များဖြန့်ဝေခြင်း

23 May 22

      ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်အတွင်း ကျေးလက်+ ပြည်သူ+Unicef တို့ဖြင့် ပူးပေါင်း ဆောင်ရွက်မည့် ကျေးရွာများဖြစ်သော  ရမ်းသစ်ကြီးကျေးရွာ အုပ်စုမှ ရမ်းသစ်ကြီး အညာ ကျေးရွာနှင့် ရမ်းသစ်ကြီး အဝကျေးရွာ ၊ မရွတ်ချိန်ကျေးရွာ အုပ်စုမှ မရွတ်ချိန် တောင်ပေါ်ကျေးရွာ၊ ရမ်းသစ်ချေ ကျေးရွာအုပ်စုမှ ဖက်ကျကျေးရွာနှင့် ခမောင်းခြေတိုင် ကျေးရွာအုပ်စုမှ ရွာသာယာ ကျေးရွာတို့အား အိမ်တိုင်ရာရောက် ရေမီတာ စနစ်ဖြင့် ရေပေးရေး ဆောင်ရွက်ရာတွင် အသုံးပြုမည့် Solar Pump နှင့် ဆက်စပ်ပစ္စည်းများအား (၁၈-၅-၂၀၂၂) ရက်နေ့ နံနက်ပိုင်းက Unicef မှ တာဝန် ရှိများ ခေါင်းဆောင်ပြီး  မြို့နယ် ကျေးလက်ဦးစီးမှူး  ဦးအောင်ထွန်း ကြီးကြပ်ကာ ဖြန့်ဝေ ပေးခဲ့ပြီး Solar Pump တပ်ဆင်ရမည့် ကျေးရွာများအား Unicef မှ တာဝန်ရှိသူများက ကျေးရွာမှ ကြိုတင် ဆောင်ရွက်ထားရမည့် အပိုင်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ ကျေးရွာ(၁)ရွာ ချင်းအလိုက် လုပ်ဆောင်ပေးရမည့် အပိုင်းများအား Solar Pump များအား ကျေးရွာ သို့သယ်ယူရာတွင်လည်း စနစ်တကျ သယ်ယူ သိမ်းဆည်း ပေးကြပါရန် ရှင်းလင်း ဆွေးနွေးခဲ့ပြီး Unicef မှ တာဝန်ရှိသူများနှင့် မြို့နယ်ကျေး လက်ဦးစီးမှူးတို့ဖြင့် ကျေးရွာ(၁)ရွာချင်း အလိုက်အား Solar Pump များနှင့် ဆက်စပ်ပစ္စည်းတို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါသည်။