ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွဲတမော့ရွာမကျေးရွာ၌ မြစိမ်းရောင်အတိုးရရှိငွေများဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းဂဝံလမ်း ခင်းခြင်းလုပ်ငန်းမှာ မေ ၂၃ရက်တွင် လုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်းအဆိုပါဦးစီးဌာနမှ ဦးစီးမှူးဦးအောင်မြင့်ထွန်းထံမှ သိရသည်။
ဒိုက်ဦးမြို့နယ်ပွဲတမော့ရွာမကျေးရွာတွင် မြစိမ်းရောင်အတိုးရရှိငွေဖြင့် ကျေးရွာတွင်း မြစိမ်းရောင်အတိုးရရှိငွေဖြင့် ကျေးရွာတွင်းဂဝံလမ်းခင်းခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့်ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးကူညီမှုတို့ဖြင့် ကျေးရွာပြည်သူကိုယ်တိုင် ၂၀၂၂ခုနှစ် ဧပြီ ၉ရက်မှစတင်၍ ဆောင်ရွက် ခြင်းဖြစ်ပြီး မေ၂၃ရက်တွင် လုပ်ငန်းများအားလုံးပြီးစီးကြောင်းသိရသည်။
ပွဲတမော့ရွာမကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးရရှိငွေကျပ် ၁၄၅သိန်း အသုံးပြု၍ အရှည်ပေ ၂၂၀၀၊အကျယ် ၁၀ပေ၊ထု ၈လက်မရှိသော ကျေးရွာတွင်းဂဝံလမ်းခင်းခြင်း လုပ်ငန်းကိုရာနှုန်းပြည့် ပြီးစီးအောင်ဆောင်ရွက်နိုင်ပြီးဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၅၀အိမ်၊ လူဦးရေ ၇၄၀ဦးတို့မှာ စီးပွားရေး၊လူမှုရေးနှင့်ကျန်းမာရေးအတွက် များစွာအကျိုးပြုလျက်ရှိကြောင်း ဒိုက်ဦး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မြင့်ထွန်းထံမှ သိရသည်။
ကိုညို(ကျေးလက်)