Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရမ်းမြို့နယ် ကရင်ကန်ကျေးရွာတွင် မြစိမ်းရောင်ချေးငွေ ၄၅၄ သိန်းထုတ်ချေး

24 May 22

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကရင်ကန်ကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် မတည်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းအခမ်းအနားကို မေ ၂၁ ရက်၊ မွန်းလွှဲ ၁ နာရီက ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ထားထားနိုင်က ကျေးရွာနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ အရောင်းအဝယ်နှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ထုတ်ချေးခြင်း ဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်း ရေရှည်အောင်မြင်အောင် ထိန်းသိမ်းဆောင်ရွက်ကြပါရန်နှင့် ချေးငွေများကို သက်မှတ်ရက်များတွင် အတိုးအရင်းပေးဆပ်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဝန်ထမ်းအဖွဲ့က ကြီးကြပ်၍ ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက ငွေကျပ် ၄၅၄ သိန်းကို အသင်းသား ၂၈၅ ဦးအားထုတ်ချေးပေးခဲ့ကြောင်းသိရသည်။