Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာသုံးရွာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ဆောင်ရွက် "

19 May 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကောင်းမွန်သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု အလားအလာများကိုလျှော့ချပေးနိုင်စေရန်နှင့် ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေး စနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သောသဘာဝပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ သံမိုးတောင်(အောက်)၊ ကော်ပတ်ခြံ၊ အလယ်ချောင်း(အထက်) စသည့်ကျေးရွာတို့၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားခဲ့ကြပြီး ကျေးရွာသူကျေးရွာသားများနှင့်အတူ ခြုံနွယ် ပိတ်ပေါင်းများအားရှင်းလင်းခုတ်ထွင်ခြင်း၊ အမှိုက်ကောက်ခြင်းများအားဆောင်ရွက်ခဲ့ကြပြီး အမှိုက်စွန့်ပစ်သည့် နေရာတွင် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။

“ကျေးလက်နေပြည်သူများ ကျန်းမာသန့်ရှင်းရေးအတွက် အညစ်အကြေးနဲ့အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ် စေဖို့၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရပ်ရွာသန့်ရှင်းသာယာပြီးကျေးလက်နေပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့နဲ့ ကိုယ့်အားကိုယ်ကိုးစနစ်များ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ တောင်ကြီးမြို့နယ်အတွင်း စွန်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို သံမိုးတောင်(အောက်)၊ ကော်ပတ်ခြံ၊ အလယ်ချောင်း(အထက်) စသည့်ကျေးရွာသုံးရွာ အပါအဝင် ကျေးရွာပေါင်း ၂၅ ရွာ၌ အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်"ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပြောသည်။