ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊မွေးမြူရေးသင်တန်းကို ၁၆မိုင်ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများအား မေ၁၆ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့်တာဝန်ရှိသူများက အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး၊မွေးမြူရေးသင်တန်းတွင် သင်တန်းသား သင်တန်းသူများမှ ဘာသာရပ်တစ်ခုချင်းစီးအလိုက် စာတွေ့၊လက်တွေ့ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး သင်တန်းသား၊သင်တန်းသူများနှင့်တွေ့ဆုံ ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါသင်တန်းသို့ မိုင်းတုံမြို့နယ်အတွင်းရှိ ၁၃မိုင်ကျေးရွာ၊၁၆မိုင်ကျေးရွာ၊ ၁၉မိုင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ နှင့် ပြည်ငြိမ်းအေးကျေးရွာ တို့မှ သင်တန်းသား သင်တန်းသူ ၃၆ဦး တို့တက် ရောက်ကြပြီး သင်တန်းတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ပတ်သက်သည့်သင်ခန်းစာအမျိုးမျိုးကို ကျွမ်းကျင် ဆရာ ၊ဆရာမများက စာတွေ့၊လက်တွေ့ မေ၁ ရက်မှ ၂၀ ရက်အထိ အခမဲ့သင်ကြား ပို့ချပေး လျက်ရှိ ကြောင်းမြို့နယ်ဦးစီးမှူးဦးစိုင်းအောင်မျိုးထက်ထံမှသိရသည်။