စစ်ကိုင်း မေ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်း"ဖွင့်းပွဲကို မေ ၁၆ ရက်နေ့တွင် အဆိုပါဦးစီးဌာန၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ တမူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်လွင်ဦး မှ အမှာစကားပြောကြားပြီး တမူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင် မှ အဆိုပါသင်တန်းတွင် သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ထိုနောက် သင်တန်းနည်းပြ ဒေါ်သက်သက်မှ သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များကို ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ အလှပြင်သင်တန်းသို့ တမူးမြို့နယ်အတွင်းရှိ ဟဲဇင်းကျေးရွာ၊ ရေနန်းကျေးရွာ၊ ဗန္ဓုလကျေးရွာတို့မှ သင်တန်းသူ (၁၀)ဦးတက်ရောက်ခဲပြီး သင်တန်းကို စာတွေ့၊ လက်တွေ့ (၁၀)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဒေါ်ကြူကြူခိုင် ထံမှ သိရှိရပါသည်။
ကိုမြတ်