ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ကေျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၂)ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကျေးရွာ(၁၅)ရွာ ရွေး ချယ်ပွဲကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ရုံးခန်းမ၌ ပြုလုပ်ပြီး မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌအဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျေးရွာသစ် ရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ မာန်အောင်မြို့နယ်တွင် ကျေးရွာပေါင်း (၁၃၆)ရွာ ရှိပြီး ယခု ရွေးချယ်လိုက်သည့် ကျေးရွာများအပါအဝင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(၃၆)ရွာနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကျေးရွာ (၈၁)ရွာရှိလာမည်ဖြစ်ကာ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်ပြီး ကျေးရွာများ၏ အခြေခံ အဆောက်အအုံများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မာန်အောင်မြို့နယ်ဦးစီးမှူး ထံမှ သိရပါသည်။