Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်၌ စိုက်ပျိုးရေး၊မွေး မြူရေးဆိုင်ရာအသိပညာပေး သင် တန်းဆင်း

20 May 22

ဆိပ်ဖြူ၊မေ ၂၀
မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချင်တောင်ကျေးရွာအုပ်စု၊ ချင်တောင်ကျေးရွာတွင်ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အ ကူပြု စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
  ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်အေး က သင် တန်းဆင်း အမှာစကားပြောကြားပြီး
ပခုက္ကူခရိုင်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်လင်းနိုင်က ယခုဖွင့်လှစ်ပို့ချသင် ကြားပေးခဲ့သည့် စိုက်ပျိုးရေး၊မွေးမြူ ရေးဆိုင်ရာအသိပညာပေးသင်တန်းသည် ကျေးလက်နေပြည်သူများအနေဖြင့်စိုက်ပျိုးနည်းမှန်၊တိရစ္ဆာန်မွေးမြူရာတွင်လညမျိုးကောင်းမျိုးသန့်များရွေးချယ်မွေးမြူနိုင်စေရန်ကာကွယ် ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ရှောင်ရန်၊ဆောင်ရန်ဗဟုသုတများရရှိစေခြင်းကြောင့်ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့်ကျေး လက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆိပ်ဖြူမြို့နယ်ကျေး​
လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်ကတက်ရောက်သင်ယူလာကြသော သင် တန်းသား၊သင်တန်းသူများအနေဖြင့်သင်တန်းမှသင်ကြားပို့ချပေးခဲ့သောသင်ခန်းစာများကို လက်တွေ့နယ်ပင်တွင် အကျိုးရှိရှိအသုံးချ လုပ်ကိုင်ကြစေလိုကြောင်းဆွေးနွေး ပြောကြား သည်။
ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်အေး၊ခရိုင်ဦးစီးမှူးဦးဇော်လင်းနိုင်နှင့်တာဝန်ရှိဝန်ထမ်းသူများကသင်တန်းတက်ရောက်ခဲ့သည့်သင်တန်း သား၊သင်တန်းသူ ၂၅ဦးကို သင်တန်း ဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းကို မေ ၆ရက်မှ မေ ၂၀ရက်နေ့ထိဖွင့်လှစ်၍ အခြေခံစိုက် ပျိုးရေးဆိုင်ရာနည်းလမ်းများ၊ဒေသနှင့်ကိုက်ညီသောသီးနှံများ၊ရွေးချယ်စိုက်ပျိုးရမည့်နည်းလမ်းများ၊မွေးမြူ ရေးကဏ္ဍာတွင်ဒေသနှင့်ကိုက်ညီသောအခြေခံ တိရစ္ဆာန်မွေးမြူရေးများနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောကူးစက်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို စာတွေ့၊လက်တွေ့ အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
                                                      နွဲ့ယဥ်