ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကြီူမှူးဖွင့်လှစ်သော အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားအား (၁၅-၅-၂၀၂၂)ရက်နေ့ နေ့လည်(၂:၀၀)နာရီက မြို့နယ်ကျေးလက်ရုံးအစည်းအဝေးခန်းမ၌ ကျင့်ပခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းဆရာမနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ သင်တန်းဖွင့်လှစ် သင်ကြားမှုအကြောင်း ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်ပေးအပ် ခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ သင်တန်းဆရာမအား အမှတ်တရလက်ဆောင်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး အဆင်မြှင့်အပ်ချုပ်စက် သင်တန်းအား သင်တန်းသူ (၂၀)ဦးဖြင့် (၂၅.၄.၂၀၂၂)ရက်နေ့မှ (၁၅.၅. ၂၀၂၂) ရက်နေ့အထိ (၂၁)ရက်အကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရပါသည်။