ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေအမျိုးသမီးလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင် တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ကျောက်ဖြူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမောင်မောင်စိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသော တာဝန်ရှိသူ များက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းတွင် အပ်ချုပ်စက်နှင့်ပတ်သက်သည့် သဘောတရားများ၊ ချုပ်ရိုး ၁၅ မျိုး၊ လုံချည်ပတ်လည် ဒေါက်ချုပ် နည်း၊ ဘောင်းဘီချုပ်နည်း၊ မိန်းမဝတ်အင်္ကျီချုပ်နည်း၊ ချိတ်စကပ်ချုပ်နည်း၊ မိန်းမဝတ်ခါးကို ရင်ဖုံး အင်္ကျီချုပ်နည်း အစရှိ သော ဘာသာရပ်များကို သင်တန်းနည်းပြ ဆရာမက စာတွေ့၊လက်တွေ့ ၃၀ ရက်ကြာ အခမဲ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ ကျောက်ဖြူမြို့နယ် ငလုံးစု ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ သင်တန်း သူ စုစုပေါင်းဦးရေ ၂၀ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။