Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အမ်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလက်သမား၊ ပန်းရန်သင်းတန်းဖွင့်ပွဲကျင်းပ

09 May 22

      ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကေျးလက်နေ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိေစရန်နှင့် မိသားစုဝင်ငေွများ တိုးပွားလာစေရန် ရည်ရွယ်၍ လက်သမား၊ ပန်းရံ သင်တန်း   ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က   မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ သင်တန်း ဖွင့်ပွဲတွင်    မြို့နယ်စီမံ   အုပ်ချုပ်ရေး အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ဝင်းခိုင်မှ အဖွင့် အမှာစကားပြောကြားပြီး မြို့နယ် ကေျးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး၊ ဦးညီညီက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စွမ်းဆောင်ရည် မြှင့်တင်ပေး ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက်   ယခုကဲ့သို့  အသက်မွေးဝမ်းကျောင်း  အထောက်အကူပြု သင်တန်းများ  ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး  အဆိုပါ သင်တန်းသို့ အမ်း မြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား (၂၀) ဦး တက်ရောက်ခဲ့ပြီး (၂၁)ရက်ကြာ အခမဲ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။