ချီဖွေ မေ ၁၈ ရက်
==============
ကချင်ပြည်နယ်၊ချီဖွေမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့်မိသားစုဝင်ငွေတိုးပွါးလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနအစည်းအဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချီဖွေမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလတ် ထွယ်အောင်က သင်တန်းသူများအနေဖြင့် သင်တန်းကသင်ကြားပေးသော အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင် ရန်ကြိုးစားသင်ကြားစေလိုကြောင်း၊ သင်တန်းတွင်ကျွမ်းကျင်နည်းပြဆရာမများဖြင့် စနစ်တကျသင်ကြားပေးမည်ဖြစ်ပြီး လိုအပ်သောသင် ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များ၊သင်တန်းတက်ရောက်ရာတွင်လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံသို့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းသို့ ချီဖွေမြို့
နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ၂၁ ဦး တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံလက်ချုပ်၊စက်ချုပ်၊လုံချည်ချုပ်နည်း၊ ကြယ်သီးဖောက်နည်း၊ ကလေးဘောင်ဘီ၊ကလေးအင်္ကျီ၊အမျိုးသမီးဝတ် ရင်ဖုံအင်္ကျီ စသည့်အခြခံစက် ချုပ်နည်းအမျိုးမျိုးကို သင်နည်းနည်းပြဆရာမနှစ် ဦးက စာတွေ့၊လက်တွေ့ရက် ၂၀ ကြာ သင် ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ချီဖွေ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလတ်ထွယ်အောင်က ပြောပြ၍သိရသည်။