ဗန်းမော် မေ ၁၇ ရက်
=============
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ကြီးမှုး၍ ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွါးလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်မြို့နယ်မန်ရေးကျေးရွာဘက်စုံသုံးခန်းမ၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးအောင်တင်စိုးက အမှာစကားပြောကြးသည်။
ဆက်လက်၍ ဗန်းမော်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးတင်ဇော်လင်းက သင်တန်းကသင်ကြားပေးသော အတတ်ပညာများကို စဉ်ဆက်မပြတ်ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင်အကျိုးရှိရှိ အသုံးချနိုင်ရန် ကြိုးစားသင်ကြားစေလိုကြောင်း၊ သင်တန်းတွင် ကျွမ်းကျင်နည်းပြဆရာများဖြင့်စနစ်တကျသင်ကြားပေးမည် ဖြစ်ပြီး လိုအပ်သောသင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးသွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ဗန်းမော်မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူဦးရေ ၂၄ ဦးတက် ရောက်ခဲ့ကြပြီး သင်တန်းတွင် လူသုံးကုန်ထုတ် လုပ်နည်းပညာအမျိုးမျိုးကို ကျွမ်းကျင်ဆရာ
နှစ်ဦးက စာတွေ့၊လက်တွေ့ ငါးရက် ကြာအခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဇော်လင်းက ပြောပြ၍သိရသည်။