မိုင်းဆတ် မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲမှုလျော့ ကျစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ကျတီကျေးရွာ ၌ မြစိမ်းရောင်စီမံကိန်း အဌမနှစ်စက်ဝန်းအတွက် ရန်ပုံငွေထုတ်ချေးပေးကြောင်း သိရသည်။
ထိုသို့ထုတ်ချေးရာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျတီကျေးရွာရှိမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၅ ဦးအတွက် ငွေကျပ် ၄၉၅ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးအတွက် ငွေကျပ်၁၇သိန်း စုစုပေါင်း ၄၆ ဦး အတွက် ငွေကျပ် ၅၁၂ သိန်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးပြီး စာရင်းဇယားများစစ်ဆေးခြင်း၊ ကဏ္ဍအလိုက်လုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ၂၀၀၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် ၁၀ ယူနစ် ကျေးရွာ ၁၂ရွာ၊၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် ၅ယူနစ် ကျေးရွာကိုးရွာ၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် ၈ယူနစ် ကျေးရွာ ၁၃ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် ၂ ယူနစ် ကျေးရွာ သုံးရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် ၁ ယူနစ် ကျေးရွာတစ်ရွာ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် တစ်ယူနစ် ကျေးရွာတစ်ရွာနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် တစ်ယူနစ် ကျေးရွာတစ်ရွာ စုစုပေါင်းကျေးရွာယူနစ် ၂၈ ယူနစ် ကျေးရွာ ၄၀ ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။