Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

17 May 22

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုချမှတ်ထားသည့် နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများနှင့် လုပ်ငန်းစဉ်များအား လေ့လာစောင့်ကြည့်ခြင်း၊ အကောင်အထည်ဖော်မှုအား ကြီးကြပ်ခြင်း၊ ရလဒ်များအား ဆန်းစစ်သုံးသပ်ခြင်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုမောင်က မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြစေကာ အစည်းအဝေးကို နေ့လယ် (၁၂)နာရီတွင် ရုပ်သိမ်းကြောင်း သိရသည်။

မယ်သင်း