Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေနံချောင်းမြို့နယ်တွင် ပန်းရံသင် တန်းဆင်းပွဲ ကျင်းပ

17 May 22

ရေနံချောင်း၊မေ ၁၇
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန က အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ပန်းရံသင် တန်းဆင်းပွဲကို မေ ၁၆ရက်နံနက်ပိုင်းက ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီးသင်တန်းဆိုင်ရာကိစ္စရပ်များ
နှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ဆက်လက်ရှင်းလင်းပြောကြားသည်။
  ဆက်လက်၍ အခမ်းနားသို့တက်ရောက်လာကြသော တာဝန်ရှိသူများက
အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ပန်းရံသင်တန်းသို့တက်ရောက်သင်ယူခဲ့သောသင်တန်းသားများအားသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့​ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ သို့ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဦးရေ ၂၅ဦးတက်ရောက်ပြီး ပန်းရံလုပ်ငန်းနှင့်ပတ်သက်သည့် ပညာရပ်များကို သင်တန်းနည်းပြ ဆရာများက သင်တန်းသားများကို စာတွေ့၊လက်တွေ့ (၁၅)ရက်ကြာ အခမဲ့သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
                                                     နွဲ့ယဥ်