Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

SMART VALIAGE အဖြစ်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေး "

14 May 22

မိုင်းဆတ် မေ ၁၄                                                                              

         

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ကာနကျေးရွာ၌ SMART VALIAGE အဖြစ် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို မေ ၁၃ ရက် နံနက် ၈ နာရီခွဲ က ကာနကျေးရွာ ဘုရားရှိခိုးကျောင်း၌ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးသည်။

          ရှေးဦးစွာ မြို့ နယ် ကျေး လက် ဒေ သ ဖွံ့ ဖြိုး တိုး တက် ရေး ဦး စီး ဌာ န လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဦးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

          ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တာချီလိတ်ခရိုင် မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုသက် က SMART VALIAGE အဖြစ်ရွေးချယ်ထားသည့် ကာနကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ကိုင်နိုင်ရေးအတွက် ဘတ်စုံသုံးဆပ်ပြာသင်တန်း၊ ကျောက်ဖရုံယိုပြုလုပ်နည်းသင်တန်း၊ သခွားသီးဖြင့် ရေချိုးဆပ်ပြာ ပြုလုပ်နည်းသင်တန်းနှင့် ဝါးဖြင့်လူသုံးကုန်ပြုလုပ်နည်းစသည့်သင်တန်းများကို ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် အရည်အသွေးပြည့်မီသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ကာ သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။