ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျင်းပသော ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ကျေးရွာ ရွေးချယ်ရေး အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်မှ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများအဖြစ် ရွေးချယ်ခံရသည့် ကျေးရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သိန်း(၁၀၀) ထည့်ဝင်မည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ကျေးရွာများမှ လည်း မိမိတို့ ထည့်ဝင်ငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်နေသည့် လမ်း၊ တံတား အဆောက်အအုံများ ဆောက်လုပ်သွား မည်ဖြစ်ပြီး ကျေးရွာအတွင်း ချက်ချင်းလက်ငင်း အကျိုးခံစားရမည့် ကဏ္ဍများကို ပြောကြားပြီး ရွေးချယ်ခံ ကျေးရွာ စာရင်းများအား ကြေညာပေးကာ ရွေးချယ်ခံ ကျေးရွာ များမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မည့် အစီအစဉ်နှင့် ကျေးရွာများမှ ထည့်ဝင်ငွေ စသည်တို့ကို ရှင်းလင်း တင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး ငြိမ်းချမ်းဦးက ရွေးချယ်ခံရသည့် ကျေးရွာ များအနေဖြင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်မည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရပါသည်။