အရာတော်မြို့နယ် ကျေးရွာ နှစ်ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်
အရာတော် ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေး အတွက် ၂၀၂၂ -၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၅၁ဒသမ ၂၁ သန်း အသုံးပြုကာ ကျေးရွာ နှစ်ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများဖူလုံစွာရရှိရေးအတွက် ဦးစာပေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ -၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၁ ဒသမ၂၁ သန်းဖြင့် ကျောက်မြောက်ကျေးရွာ၌ အကျယ် လေးလက်မခွဲ၊ အရှည်ပေ ၅၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ(၂၄၀၀)ဆံ့ရေစင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် တောင်ကုန်းကျေးရွာ၌ အကျယ် လေးလက်မခွဲ၊ အရှည်ပေ ၉၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ(၂၄၀၀)ဆံ့ရေစင်တည်ဆောက်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ပြောပြ၍ သိရသည်။
“ ကျွန်မတို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ ရှားပါးနိုင်တဲ့ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက် နေပါတယ်လို့ ” မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ဆက်လက်ပြောပြသည်။
ကိုလှိုင်(ကျေးလက်)