သရက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာရွေးချယ်ပွဲကျင်းပပြုလုပ်
သရက် ဧပြီ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ပွဲကို တာဝန်ရှိသူများအားဖိတ်ကြား၍ ဧပြီ ၂၃ ရက်နေ့ နံနက်ပိုင်း ၀၉း၃၀ နာရီက သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးဦးစွာ သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အမှာစကားပြောကြားသည်။ ဆက်လက်၍ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က မိမိတို့မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၄-၂၀၁၅ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ရာ လက်ရှိထိ ကျေးရွာ ၅၁ရွာရှိပြီး စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ လည်ပတ်လျက်ရှိပါကြောင်း နောင်လာမည့် ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောင်ရွက်မည့် ကျေးရွာများကို ရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာအုပ်ပါ သတ်မှတ်ချက်များ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာများ၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်နှင့် တာဝန်ရှိ သူများက သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သရက်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ သရက်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီအဖွဲ့တို့နှင့်အတူ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်ကိုက်ညီသည့် ကျေးရွာတစ်ရွာ ရွေးချယ်ခဲ့ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဦးထံမှ သိရသည်။
ကိုလှိုင်(ကျေးလက်)