ပခုက္ကူမြို့နယ် မိုးနတ်ကုန်းကျေးရွာကုန်ထုတ်လမ်း ကွင်းဆင်းတိုင်းတာ
*********************************
ပခုက္ကူ ဧပြီ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပခုက္ကူမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ မိုးနတ်ကုန်းကျေးရွာ၌ ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရန်အတွက် ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိသူများသည် မိုးနတ်ကုန်းကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၇ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု တစ်ပေကိုးလက်မ အောက်ခြေအမာခံ ကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် မြေနေရာရရှိနိုင်မှုအခြေအနေ၊ လက်ရှိလမ်းအကျယ်နှင့် လမ်းအူကြောင်းအခြေအနေများကို စနစ်တကျ တိုင်းတာခဲ့ကြောင်း သိရသည်။
မိုးနတ်ကုန်းကျေးရွာကုန်ထုတ်လမ်းသည် မိုးနတ်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများ၏ သီးနှံထွက်ကုန်များ သယ်ယူပို့ဆောင်ရာ၌ အဓိကအားထားရာ လမ်းတစ်လမ်းဖြစ်သည့်အတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ကွင်းဆင်းတိုင်းတာရခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး