Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထန်းတပင်မြို့နယ်၌ ရေပေးရေးလုပ်ငန်းများလွှဲပြောင်းပေးအပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

25 April 22

ထန်းတပင်မြို့နယ်၌ ရေပေးရေးလုပ်ငန်းများလွှဲပြောင်းပေးအပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
 
ထန်းတပင်၊ ဧပြီ- ၂၃
 
      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းထပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာနှစ်ရွာ၏ ရေပေးရေးလုပ်ငန်းများအား ကျေးရွာရေရရှိရေးကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် စက်ရေတွင်းပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို အဆိုပါဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ကျင်းပပြုလုပ် ရာ ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရသည်။
         ရှေးဦးစွာ ထန်းတပင်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မျိုးအောင် (လက်ထောက်ညွှန်ကြားရေးမှူး- နည်းပညာ) မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ထန်းတပင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ထွန်းက အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ကြောင်းသိရသည်။
       ထန်းတပင်မြို့နယ်အတွင်း ၂၀၂၁ -၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက်ပြီးစီးခဲ့သည့် ငါးဇီးလှောင်ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် သရက်ပင်ကြီးကျေးရွာရှိ မိုးရေလှောင်ကန်တူးဖော်ခြင်းလုပ်ငန်းများ၏ ရေပေးရေးဆိုင်ရာအချက်အလက်များကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာရေရရှိရေးကော်မတီဝင်များထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ကြောင်းသိရသည်။
        ဆက်လက်၍ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ငါးဇီးလှောင်ကျေးရွာအုပ်၊ ငါးဇီးလှောင်ကျေးရွာနှင့် မဲပလောင်အုပ်စု၊ သရက်ပင်ကြီးကျေး ရွာများမှ ကျေးရွာရေရရှိရေးကော်မတီဝင် (၁၄)ဦးတို့ကို စက်ရေတွင်းပြုပြင်ထိန်းသိမ်း နည်းနှင့် ရေဖိုးရေခကောက်ခံနည်းသင်ခန်း စာတို့ ကို တစ်ရက်ကြာသင်ကြားပို့ချပေး ခဲ့ကြောင်းသိရသည်။
 
ကိုညို(ကျေးလက်)