Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကျေးရွာရွေးချယ်ပွဲကျင်းပပြုလုပ်

22 April 22

မကွေးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကျေးရွာရွေးချယ်ပွဲကျင်းပပြုလုပ်
*****************************
မကွေး ဧပြီ ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ပွဲကို တာဝန်ရှိသူများအားဖိတ်ကြား၍ ဧပြီ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီက မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ သတ်မှတ်ချက်များ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာများ၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးနှင့် တာဝန်ရှိသူများက မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မကွေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မကွေးမြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့တို့နှင့်အတူ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်ကိုက်ညီသည့် ကျေးရွာများအား ဦးစီးပေးအစီအစဥ်အလိုက် ရွေးချယ်ခဲ့ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး